စင်ကာပူသို့လာရောက်ကြသည့်ဧည်သည်တော်များ
Globalization ဆိုသည့်အတိုင်း စင်ကာပူနှင့်ရန်ကုန်မှာ အိမ်ဦးနှင့်ကြမ်းပြင်ဖြစ်နေပြီး နေ့တိုင်းသွားပြန်၊ ဈေးဝယ်၊ ဆေးကု နေသူများနှင့် အထူးပင်လာရောက်သူများပြားလှသည်။ အဲဒီအထဲမှာ အလုပ်အကိုင် ရှာဖွေ ဖို့ လာရောက်ကြသူလည်းများပြီး အလုပ်လာရှာသည့် ကာလမှာစင်ကာပူတွင် နေထိုင်လျက်ရှိသော ဆွေမျိုးများထံလာရောက်နေတတ်ကြပါတယတော်ရုံအရေးမကြီးဟုထင်ရပြီး တကယ် ဧည့်သည်ထောင်းလာသည့်အခါတွင်စင်ကာပူတွင်နေထိုင်သည့် မြန်မာများအတွက်တော့ ၀န်တစ်မျိုး ဖြစ်လာသည်။ ဥပမာအနေနှင့်ပြရလျင် ကျွန်မသူငယ်ချင်းလင်မယားနှစ် ယောက်၊ နှစ်ယောက်လုံး အလုပ်လုပ်ကြတော့ ကလေးကို ကြည့်မဲ့သူမရှိဖြစ်လာရော။ အိမ်ဖေါ်နဲ စိတ်မချတာနဲ ယောက်ခမ တွေကို ခေါ်ထားရော။ မိန်းမလုပ်သူကလည်းအားကျမခံသူမိဘကိုတစ်လှည့်ခေါ်ပြီး ယောကျာ်းဘက်က ညီမများ ကလည်း အလုပ်ရှာတာတစ်မျိုး၊ မိန်းမဘက်က ရှော့ပင်ထွက်တာတစ်မျိုးနဲ့ ၊ ကြာတော့ ဆွေမျိုးများဒဏ်ကြောင့် လူတွေလည်း စိတ်တွေညစ်လာတော့သည်။ ဒီကြားထဲ ရန်ကုန်တစ်လမ်းထဲနေသူများက ခဏအလုပ်ရှာမှာမို့ လို့ တည်းခိုပါရစေ၊ နှစ်ပတ်တည်း၊ သုံးပတ်တည်းနှင့် တစ်လမဆင်း နှစ်လမဆင်းနှင့် အလုပ်မရသည့်အခါ ပြန်သွား မှသာ သက်ပြင်းတွေအခါခါ ချနိုင်ကြတော့သည်။ ဧည့်သည်လာသည်ဆိုတော့လည်း ဖြစ်သလို ကျွေးလို့မရ၊ နေရာမသိတာတွေလိုက်ပြရ၊ စားသောက်ဆိုင်မှာ ကျွေးရသည်နှင့် ရှိစုမဲ့စုများလည်းပြောင်လိုက်လာသည်။
ဒီကြားထဲပြန်ခါနီးမှာ ဘာလူကြုံပေးချင်လဲလို့ မမေးဘဲ ကီလိုရောင်းစားလိုက်ပြီလို့ တစ်ခါတည်းအပြတ်ပြော လာသည့်ကိုရွေဧည့်သည်မျိုးလည်းကြုံရသည်။ အိမ်မှာလာနေတဲ့ခဏကို ဘာလုပ်ပေးရမလဲမမေးဘဲ ၊ ရေခလုပ်၊ မီးခလုပ်များကို ဖြစ်ကတန်းဆန်း ဖွင့်သွားသည်များကလည်းအခါခါ။
အလိုက်ကန်းဆုံးမသိတာလား၊ မသိချင်ယောင်ဆောင်တာလည်း ကြာတော့လည်းကိုယ်တိုင်အားမနာနိုင် တော့ပါ။ အိမ်ကအခန်းလွတ်တာကို ဘဲခဏခဏ မျက်စောင်းလာထိုးကြသူများနှင့်လည်းကြုံတွေ့ရပြီး အိမ်ထောက်သက် တစ်နှစ်သက်တမ်းကာလအတွင်း သူ့ဘက်အမျိုး၊ ကိုယ့်အမျိုး၊ သူငယ်ချင်းများ၏ ခဏခဏ တည်းခိုမှုနှင့် အလိုက်မသိဒဏ်များကိုခံရသည်။ သဘောထားမကြီးနိုင်တာမဟုတ်ပေမဲ့ မပြောပြတတ်တဲ့ အသေးအမွှားတွေက ကြာတော့ လူကို ဖိစီးပြီးရင်း ထပ်ဖိစီးဖြစ်လာတော့တယ်။
ဒါကြောင့် မြန်မာနိုင်ငံနှင့်ဝေးတဲ့ နိုင်ငံကို ရောက်ရင်တော့ဒီလိုဧည့်ထောင်းတဲ့ဒဏ်ကို မခံရလောက်ဘူးလို့ ထင်တာပါဘဲ။
မြန်မာစကားတစ်ခုတောင်ရှိတယ်လေ-- --- တစ်ခါလာတော့ရွေဧည့်သည်၊ နှစ်ခါလာတော့ ငွေဧည့်သည်၊ သုံးခါလာတော့------ဧည့်သည် ဆိုပြီးတော့။

0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home