ပျော်ရွှင်ဖွယ်ကောင်းသော ကြာသာပတေးနေ့များ
ရုံးပိတ်ရက်များဖြစ်သော စနေ၊ တနင်္ဂနွေ ကို မျှော်လင့်သည်မှာ အလုပ်လုပ်ကိုင်လျက်ရှိသော အလုပ်သမား အများစု၏ ဆန္ဒဖြစ်များဖြစ်ကြသည်။ တနလာင်္နေ့ဆိုလျင်လူက လမိုင်းမကပ်ဘဲ အလုပ်မလုပ်နိုင်ဖြစ်နေပြီး ကြာသပတေးနေ့ရောက်လျင် မနက်ဖြန်တစ်ရက်သာတက်ရမည်ဆိုပြီး ပျှော်ရွင်နေမိသည်။
အလုပ်စလုပ်ခါစမှာ သိပ်သတိမထားမိဘဲ လုပ်သက်ကြာလာသည်နှင့်အမျှ အလုပ်၏ စိတ်ဖိစီးမှုဒဏ်များ ကြောင့် လူငန်းခွင်မှာ မွန်းကျပ်မှုများကို စနေ၊ တနင်္ဂနွေနေ့များနှင့်သာ ဖြေဖျောက်ရပါသည်။ စနေ၊ တနင်္ဂနွေ ရောက်ရင်တော့ ကျွန်မမှာ အိမ်မှာမနေချင်ဘဲ တစ်နေရာရာ သွားလိုက်ရမှ အာသာပြေပျောက်သွားပြီး တစ်ခုမဟုတ် တစ်ခု ၀ယ်လိုက်ရမှ ရင်ချောင်သွားတတ်သဖြင့် ခင်ပွန်းလုပ်သူ၏ စနောက်မှုကို အမြဲတမ်းခံရ ပါသည်။
ကျွန်မ၏ ဖခင်က ဆိုလျင် ငယ်စဉ်က ကျွန်မတို့အား “ မနေနိုင်တိုင်ဖက် ပိုက်ဆံနှစ်ပြားထွက် ” လို့ အမြဲ နောက်ပြောင်တတ်ပါသည်။ စင်ကာပူတွင် ခေတ္တလာရောက်အလုပ်လုပ်ကိုင်လျက်ရှိသော ကျွန်မအနေနဲ့ ကျွန်းသေးသေးလေးမှာ စနေ၊တနင်္ဂနွေ ဈေးဝယ်စရာများနှင့်သာ လုံးချာလည်လိုက်ပြီး ကြာတော့လည်း ပျင်း ချောက်ချောက်နှင့်ပင်။
ဒါပေမဲ့ဘာပြောပြော ကြာသပတေးနေ့ ရောက်ရင်တော့ စနေ၊ တနင်္ဂနွေရောက်တော့မယ်ဆိုပြီး ပျော်ရွင်မှုများဖြစ်ပေါ်လာတာကိုတော့ အများစုက ၀န်ခံ

0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home